25 May 2014

ပန်းချစ်သူများအတွက် ပန်း

ပြင်သစ်နိုင်ငံ ရဲ့ နွေဦးရာသီ (Spring) နဲ့  နွေရာသီ (Summer) မှာ ပန်းလေးတွေ အရောင်စုံ အသွေးစုံ နဲ့ အမျိုးစုံ လင်စွာ ဖူးပွင့်ကြပြီး အရမ်းအရမ်း ကိုလှပါတယ်။ ပြောရရင်တော့ အလင်းရောင် နဲ့ နေ ကို မြင်တွေ့ ကြရလို့ လူတွေ စိတ်လက်ပေါ့ပါးပျော်ကြတဲ့ အချိန်ကာလပေါ့။ အလင်းရောင်တွေ နေတွေ ခွဲပြောရတာက ဆောင်းတွင်း သုံးလေးလလုံး အမှောင်ထဲမှာနိုး အမှောင်ထဲမှာ အလုပ်သွား အမှောင်ထဲမှာပြန်လာ လူတွေဟာ စိတ်ဓါတ်ကျ  (Depression) ပြီး မပျော်ရွှင်ကြပါဘူးလို့  လေ့လာသုံးသပ်မှုတွေက ဆိုပါတယ်။ နွေဦး (Spring) နဲ့ ဆောင်းဦး (Fall) တို့မှာတော့ မိုးလင်းရင် အလင်းရောင်ရပေမယ့် နေသာတလှည့် မိုးအုံ့ မိုးရွာ တလှည့်စီမို့ သိပ်အစိုးမရလှပါဘူး။  နွေရာသီ နှစ်လ သုံးလလောက်ပဲ နေ့တိုင်း နေသာပြီး အပူချိန်မြင့်ပါတယ်။ ပူမယ့်ပူတော့လဲ စင်ကာပူအပူချိန် နီးပါး ရှိပြီး ပြင်သစ်နိုင်ငံတောင်ပိုင်းမှာဆို တခါတလေ ၄၀ ဒီဂရီလောက်ထိရောက်သွားတတ်လို့ အစိုးရက ရေများများသောက်ဖို့ အပြင်ထွက်ရင် ထီး ဦးထုပ်ဆောင်းကြဖို့ ရေဒီယို TV တွေကနေကြေငြာရပါတယ်။ 

မြန်မာလိုအမြဲရေးချင်သော်လည်း မြန်မာလက်ကွက်မကျွမ်းကျင်ပါဘူး။ ဒီပို့စ်လေးပြီးဖို့ရာ အတော်လေးအချိန်ယူရ ပါတယ်။ ကြိုးစားပြီးတော့ မြန်မာလိုတခါတလေ ရေးပါ့မယ်။ အခုတော့ ပန်းလေးတွေရဲ့  ဓါတ်ပုံကိုဝေမျှလိုက် ပါတယ်။ ဒီပို့စ်မှာတင်တဲ့ပန်းတွေကတော့ ကျမနေတဲ့ Appartment compound ထဲကပါ။ ပန်းနာမည်တွေတော့ များသောအားဖြင့်မသိတဲ့အတွက် သိတဲသူများရှိရင်လဲ ကွန်မန့်မှာ ရေးသွားနိုင်ပါတယ်။



Magnolia



ပန်းနီနီလေးလှတယ်နော်



တပင်လုံး အရွက်မရှိတဲ့ အဝါရောင် ခြုံပုတ်လိုပန်း




ဒါနောက်တမျိုး အဝါရောင် သူ့ပွင့်ဖတ်လေးတွေက ဘောလုံးလိုပတ်ပတ်လည်




ဒါနီရောင် နောက်တမျိုး




Judas Flowers



 
ဒါလေးကတော့ အလေ့ကျပေါက်တဲ့ mini wild flowers


 

နှင်းဆီအထပ် သေးသေးလေးနဲ့ တူတဲ့ပန်း

No comments:

Post a Comment